လူရယ်လို့ ဖြစ်လာပြီဆိုရင် တာဝန်တွေ ဝတ္တရားတွေပါ တွဲပါလာတတ်တာမျိုး။ ဒါကလည်း လူသားပီသရလေ အောင် စွမ်းဆောင်ပေးတဲ့ စွမ်းရည်တစ်မျိုးလို့ ဆိုရမှာပါ။ တာဝန်မကျေသူကို လူအများကမချီးမွမ်းသလို ဝတ္တရား ပျက်ကွက်သူကိုလည်း ကဲ့ရဲ့တတ်ပါတယ်။ ဒါကြောင့် တာဝန်နဲ့ဝတ္တရားဟာ လူသားအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးတစ်ခုပဲဖြစ်ပါတယ်။