အားလပ်သည့်အချိန်များတွင် အဘိဓမ္မာသင်တန်းများကိုလည်း ပို့ချပေးခဲ့ပါသည်။ ထို့ပြင် သင်တန်းသူ သင်တန်းသားများ လွယ်ကူစွာလေ့လာနိုင်စေရန်ရည်ရွယ်ချက်ဖြင့် အဘိဓမ္မာသင်ခန်းစာများကို ရေးသားပြုစု၍ အလှူရှင်များ၏ စေတနာဖြင့် စာအုပ်များ ထုတ်‌ဝေကာ ဓမ္မဒါနအဖြစ် လှူဒါန်းခဲ့ပါသည်။

ရေးသားခဲ့ပြီးသော စာအုပ်များမှာ

၁။ ကံဟူသည်

၂။ အဘိဓမ္မာပို့ချချက်

၃။ လူသားနှင့်အဘိဓမ္မာ

၄။ မင်္ဂလာတရားတော်

၅။ ဓမ္မအရိပ်တို့ စုစည်းရာ (၁)

၆။ ဓမ္မအရိပ်တို့ စုစည်းရာ (၂)

၇။ သတိပဋ္ဌာန်သုတ်အနှစ်ချုပ်စာအုပ်နှင့်

၈။ လင်္ကာဒီပခရီးသွားမှတ်တမ်းတို့ ဖြစ်ပါသည်။

ထို့ပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှ ကျင်းပသော အဘိဓမ္မာစာမေးပွဲများဖြေဆိုနိုင်စေရန်နှင့် ဘဝအသိရရှိစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းသူ သင်တန်းသားများကို လေ့ကျင့်သင်ကြားပေးနေသည်အပြင် စင်္ကာပူနိုင်ငံတွင် အဘိဓမ္မာအသိပြန့်ပွားရေးကိုဦးတည်လျက် အပတ်စဥ် စနေနေ့တိုင်း မင်္ဂလဝဟာရကျောင်းတွင်လည်းကောင်းတနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တိုင်း ပညာပါရမီ‌ကျောင်းတွင်လည်းကောင်း အဘိဓမ္မာရိုးရိုးတန်း (ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်သုံးဆင့်လုံးအတွက်)၊ အဘိဓမ္မာဂုဏ်ထူးတန်း (ဋီကာ‌ကျော်) (ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် သုံးဆင့်လုံးအတွက်)၊ ဝိသုဒ္ဓိမဂ်တန်း (ပထမဆင့်၊ ဒုတိယဆင့်၊တတိယဆင့် သုံးဆင့်လုံးအတွက်) တို့နှင့် ဗုဒ္ဓဘာသာဝင်များ အသိတိုးတက်ရေး၊ သင်္ခန်းစာရရေး၊ သဒ္ဓါထား ပညာပွားရေးများကို ရှေးရှူကာ သုတ္တန်သင်တန်းများနှင့် မဟာဗုဒ္ဓဝင်တရားတော်ကြီးကိုလည်း သင်ကြားပေးလျှက်ရှိပါသည်။ ထိုပြင်မက မြန်မာနိုင်ငံတက္ကသိုလ်များ၊ အထက်တန်းကျောင်းများနှင့် ဗုဒ္ဓဘာသာဝင် မိသားစုများ၏ ပင့်ဖိတ်ချက်အရ

၁။ ရန်ကုန် နည်းပညာတက္ကသိုလ် (YTU အင်းစိန်) တွင်လည်းကောင်း (၂၀၁၅)

၂။ ရန်ကုန် နည်းပညာတက္ကသိုလ် (YTU အင်းစိန်) တွင်လည်းကောင်း ( ၂၀၁၆ ဒုတိယကြိမ်)

၃။ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် (WYTU) တွင်လည်းကောင်း (၂၀၁၆)

၄။ ရန်ကုန် မှော်ဘီ နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)

၅။ ရန်ကုန် မှော်ဘီ နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၇ ဒုတိယကြိမ်)

၆။ မန္တလေးတိုင်း ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)

၇။ မန္တလေးတိုင်း ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၇ ဒုတိယကြိမ်)

၈။ ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် (၄) အထက်တန်းကျောင်းတွင်လည်းကောင်း (၂၀၁၆)

၉။ ရန်ကုန်မြို့ သာသနာရေးနှင့် ယဥ်ကျေးမှု ဝန်ကြီးဋ္ဌာန ကမ္ဘာအေးကုန်းမြေ ဇမ္ဗူသီရိဗိမာန်တွင် လည်း

ကောင်း (၂၀၁၆)

၁၀။ ပဲခူးတိုင်း ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်တွင်လည်းကောင်း (၂၀၁၇)

၁၁။ မကွေးတိုင်း ကျန်းမာရေးတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)

၁၂။ ရန်ကုန်တိုင်း သန်လျင် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)

၁၃။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားမြို့ သစ်ပျံစာသင်တိုက်တွင်လည်းကောင်း (၂၀၁၆)

၁၄။ မန္တလေးတိုင်း တောင်သာမြို့ မိုးကုတ်ရိပ်သာတွင်လည်းကောင်း

၁၅။ မန္တလေးတိုင်း အမရပူရမြို့နယ် လိပ်ဆံခွန်ကျေးရွာ အထကခွဲ (၆) တွင်လည်းကောင်း (၂၀၁၇)

၁၆။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာကျောင်းတိုက်တွင်လည်းကောင်း (၂၀၁၇)

၁၇။ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မိုးကုတ်ရိပ်သာတွင်လည်းကောင်း (၂၀၁၇)

၁၈။ မန္တလေးတိုင်း ပြင်ဦးလွင် နည်းပညာတက္ကသိုလ် (ဆိုင်ဘာစီးတီး)တွင်လည်းကောင်း (၂၀၁၇)

၁၉။ မန္တလေးမြိ့ ဗန်းမော်ကျောင်းတိုက်တွင်လည်းကောင်း (၂၀၁၇)

၂၀။ ကချင်ပြည်နယ် မြစ်ကြီးနား နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၇)

၂၁။ ကချည်ပြည်နယ် ဗန်းမော် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၈)

၂၂။ မန္တလေးတိုင်း စည်ပင်သာယာရေးဋ္ဌာနတွင်လည်းကောင်း (၂၀၁၈)

၂၃။ စစ်ကိုင်းတိုင်း မုံရွာမြို့ မြို့မ ဂါတ်ကျောင်းတွင်လည်းကောင်း (၂၀၁၈)

၂၄။ မန္တလေးတိုင်း မုံရွာမြို့ အကျဥ်းထောင်တွင်လည်းကောင်း (၂၀၁၈)

၂၅။ မန္တလေးတိုင်း တောင်သာမြို့ မိုးကုတ်ရိပ်သာတွင်လည်းကောင်း (၂၀၁၈ ဒုတိယကြိမ်)

၂၆။ ပဲခူးတိုင်း တောင်ငူမြို့ ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၈)

၂၇။ မန္တလေးတိုင်း စည်ပင်သာယာရေးဋ္ဌာနတွင်လည်းကောင်း (၂၀၁၈ ဒုတိယကြိမ်)

၂၈။ မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဋ္ဌာန လူငယ်ပြုပြင်ရေး သင်တန်းကျောင်းတွင်လည်းကောင်း (၂၀၁၈)

၂၉။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)တွင်လည်းကောင်း (၂၀၁၈ ဒုတိ

ယကြိမ်)

၃၀။ တနင်္သာရီတိုင်း ထားဝယ်မြို့ ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၈)

၃၁။ ကချင်ပြည်နယ် မိုးကောင်းမြို့ မဟာစည် သာသနာ့ဗိမာန်တွင်လည်းကောင်း (၂၀၁၈)

၃၂။ ကချည်ပြည်နယ် ဟိုပင်မြို့တွင်လည်းကောင်း (၂၀၁၈)

၃၃။ ကချည်ပြည်နယ် ဟိုပင်မြို့ ဒေါ်ခင်သန်းမူ ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း (၂၀၁၈)

၃၄။ ရန်ကုန်မြို့ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဋ္ဌာန ကမ္ဘာ‌အေးကုန်းမြေ ဇမ္ဗူသီရိဗိမာန်တွင်လည်းကောင်း (၂၀၁၈/၂၀၁၉ ဒုတိယကြိမ်)

၃၅။ မကွေးတိုင်း ကွန်းပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၉)

၃၆။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ရေကူးမြို့မကျောင်းတိုက် ဓမ္မေသကသာသနာ့ဗိမာန်တွင်လည်းကောင်း (၂၀၁၉)

၃၇။ ကချည်ပြည်နယ် နည်းပညာတက္ကသိုလ် တွင်လည်းကောင်း (၂၀၁၉ ဒုတိယကြိမ်)

၃၈။ မန္တလေးတိုင်း အမရပူရမြို့နယ် လိပ်ဆံခွန်ကျေးရွာ ယဥ်သာတောရကျောင်းတွင်လည်းကောင်း (၂၀၁၉)

၃၉။ ဧရာဝတီတိုင်း လပွတ္တာမြို့ သာသနာ့ဗိမာန်တော်တွင်လည်းကောင်း (၂၀၁၉)

၄၀။ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးတိုက်တွင်လည်းကောင်း (၂၀၁၉)

၄၁။ ရန်ကုန်တိုင်း ဒဂုံအထက (၂) မြို့မ ကျောင်းတွင်လည်းကောင်း (၂၀၁၉)

၄၂။ မန္တလေးတိုင်း ကျောက်ဆည်မြို့ ပညာရေးဝန်ကြီးဋ္ဌာန ဒြပ်ပစ္စည်း သိပ္ပံသုတေသနဋ္ဌာန ဓာတ်တော်တွင်လည်းကောင်း (၂၀၁၉)

၄၃။ မန္တလေးတိုင်း မြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ (၁) တွင်လည်းကောင်း (၂၀၁၉ တတိယကြိမ်)

၄၄။ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် (WYTU) တွင်လည်းကောင်း (၂၀၁၉ ဒုတိယကြိမ်)

၄၅။ ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) တွင်လည်းကောင်း ( ၂၀၁၉ ဒုတိယကြိမ်)

၄၆။ ရန်ကုန်တိုင်း မှော်ဘီ နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၉ ဒုတိယကြိမ်)

၄၇။ ရန်ကုန်တိုင်း ရန်ကုန်မြို့ တက္ကသိုလ်များ ဓမ္မာရုံတွင်လည်းကောင်း (၂၀၁၉)

၄၈။ တနင်္သာရီတိုင်း ထားဝယ် ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၂၀ ဒုတိယကြိမ်)

၄၉။ တနင်္သာရီတိုင်း ထားဝယ် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၂၀)

၅၀။ ပဲခူးတိုင်း တောင်ငူ ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၂၀ ဒုတိယကြိမ်)

၅၁။ မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ပန်းဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း (၂၀၂၀)

၅၁။ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးတိုက်တွင်လည်းကောင်း (၂၀၂၀ ဒုတိယကြိမ်)

၅၂။ ရှမ်းပြည်နယ် ဟိုပုံးမြို့ နောင်တောင်း ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ တပ်ဦီးကျောင်းတွင်လည်းကောင်း (၂၀၂၀)

၅၃။  မကွေးတိုင်း မကွေးခရိုင် ချောက်မြို့နယ် စလေမြို့တွင်လည်းကောင်း (၂၀၂၀)


၁။ လူသားနှင့်အဘိဓမ္မာ အထူး (၅) ရက်သင်တန်း

၂။ မင်္ဂလာတရားတော် အထူး (၃) ရက် သင်တန်း

၃။ ဓမ္မစကြာ အထူး (၂) ရက်သင်တန်း

၄။ ပဋိစ္စသမုပ္ပါဒ် အထူး (၂) ရက်သင်တန်း

၅။ ပဋ္ဌာန်း အထူး (၃) ရက်သင်တန်း

၆။ သမထ၊ ဝိပဿနာ အထူး (၂) ရက်သင်တန်းများကို ပို့ချပေးခဲ့ပါသည်။

ယခုအခါ ဆရာတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာအုပ်စု၊ ညောင်ကုန်းရွာ၊ ပညာပါရမီစင်္ကာပူကျောင်းတိုက်ကြီးတွင် သီတင်းသုံးကာ သာသနာပြုလျှက်ရှိပါသည်။


အထက်ပါအကြောင်းများ မှန်ကန်ပါသည်

ဦးဉာဏဝရ

သာသနာဝင်အမှတ် ၉/မဟမ(သ) ၀၀၁၂၇၂

ပညာပါရမီစင်္ကာပူကျောင်းတိုက်

မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး